For Bible Pathway devotions in Chinese,
click here.
| In Today's Reading ယနေ့ဖတ်ရှုရန် ဖန်ဆင်းခြင်း၊ အာဒံနှင့်ဧဝကိုဖန်ဆင်းခြင်း၊ စာတန်၏သွေးဆောင်ဖျားယောင်းခြင်း၊ အာဒံနှင့် ဧဝတို့၏ဘုရားကို ပုန်ကန်ခြင်း၊ ဧဒင်ဥယျာဥ်မှ အာဒံနှင့် ဧဝတို့ထွက်ခွာခြင်း။ |
ဘုရားသခင်သည် လူကိုသူ၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့ကို တိရစ္ဆာန်နှင့်မတူအောင် ဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် နံဝိညာဥ်ဖြစ်၏။ ကိုးကွယ်သောသူတို့သည် နံဝိညာဥ်နှင့၄င်း၊ သစ္စာနှင့၄င်း ကိုးကွယ်ရမည် (ယော ၄း၂၄)။ တိရစ္ဆာန်တွင် ဘုရားသခင်ကို ကိုးကွယ် နိုင်သောစွမ်းရည်မရှိချေ။
ထာဝရဘုရားသခင်သည် လူကိုယူ၍ဧဒင်ဥယျာဥ်ကို ပြုစုစောင့် ရှောက်နေစခြေင်းငှာ ထားတော်မူ၏ (ကမ္ဘာ ၂း၁၅)။ လူ၏တာဝန်မှာ ဘုရားသခင်၏စကားကိုနားခံပြီး ဥယျာဥ်တော်ကိုစောင့်ရှောက်ရန် ဖြစ်သည်။ သို့သော်ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၊ သစ္စာရှိခြင်း၊ နာခံခြင်းတို့ဖြင့် လူကို စမ်းသပ်ခဲ့သည်။
ဧဒင်ဥယျာဥ်တွင် စာတန်သည် မြွေအသွင်ဆောင်လျက် လူကို လှည့်စားခဲ့သည် (ကမ္ဘာ ၃း၁)။ သူ့ကိုနဂါး၊ မာရ်နတ်၊ ဝိညာဥ်ဆိုးဟုခေါ် သည် (ဗျာဒိတ် ၂၀ း ၂၊ ဟရှော ၁၄ း ၁၂၊ မဿဲ ၁၃ း ၃၉၊ ၁ ပေ ၅ း ၈၊ ဗျာ ၁၂ း ၁၀)။ သူသည် မိမိကိုယ်မိမိဘုရားသခင်၏ ရန်သူအဖြစ်သော၄င်း၊ လူတို့ကိုဖျက်ဆီးသောသူအဖြစ်သော၄င်း မဖော်ပြပေ (၂သက် ၂း၉-၁၀)။ လူတို့သည် ဖန်ဆင်းရှင်၏ စကားကိုနားမထောင်ရန် စာတန်ကြိုတင်၍ ကာကွယ်သည်။ ပထမဦးစွာ စာတန်သည် ဘုရားသခင်၏မိန့်မှာချက် စကားကို လူတို့သံသယဖြစ်စရေန် ဖန်တီးခဲ့သည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝ၏အသက်တာ၌ အကောင်းဆုံးသော ပျော်ရွှင်မှုကိုခွင့်မပြုဘဲ ထားသည်ဟု စာတန်ကဆိုခဲ့သည်။ ဧဒင်ဥယျာဥ်တွင်ရှိသော အပင်များကို မစားရဟုဘုရားသခင်ဆိုထားပါသလားဟုမေးခဲ့သည် (ကမ္ဘာ ၃း၁)။ ဤစကားသည် စာတန်၏လိမ်ညာမှုစကားဖြစ်သည်။ ထိုအသီးကို စားသော နေ့၌သင်တို့သည် မျက်စိပွင့်လင်းလျက်ကောင်းမကောင်းသိ၍ ဘုရား သခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏ (ကမ္ဘာဦး ၃း၅)။ ထိုအချိန်တွင် ဘုရားသခင်၏ စကားထက် မိမိ၏ အလိုဆန္ဒကို လိုက်လျောလျက်တားမြစ်ထားသော အပင်၏အသီးကို ဧဝ တပ်မက်လာခဲ့သည်။ ထိုအပင်သည် စားရန်အင်မတန်ကောင်းခြင်း၊ အလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဖွယ်သောအပင် ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကိုယူ၍စား၏ (ကမ္ဘာ ၃း၆)။
မိန်းမသည် တပ်မက်ခြင်းရှိသောအခါ ထိုတပ်မက်ခြင်း၏ လက်အောက်ခံဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ အာဒံနှင့် ဧဝတို့သည် လူသား အားလုံး၏ဖခင်ဖြစ်ကြသည့်အပြင်၊ တာမြစ်ထားသောအပင်၏အသီးကို ရွေးမှားခဲ့ကြသည်။ ၄င်းတို့သည် အပြစ်ကိုကျူးလွန်ခဲ့ကြ၍ ဝိညာဥ်ရေးရာ ၌သေသောသူများဖြစ်ကြသည်။ထိုအချိန်မှစ၍ အာဒံမှဆင်းသက်လာသော လူသားအားလုံးသည် အပြစ်၏ကျွန်ဖြစ်လာကြသည်။ ထို့ကြောင့် သခြေင်းတရားသည် လူသားအားလုံးသို့ ကူးစက်လာခဲ့သည် (ရောမ ၅း၂၁)။
Thought for Today (ယနေ့ဆင်ခြင်ရန်)
ကောင်းကင်သို့ဝင်ရောက်နိုင်သောလမ်းမှာ ယေရှုခရစ်အားဖြင့်သာ ဖြစ်သည် (ယော ၁၄း၆)။
Christ Revealed (ခရစ်တော်ကပြသခဲ့သည်)
ယေရှုခရစ်တော်သည် ဖန်ဆင်းရှင်အဖြစ် (ကမ္ဘာ ၁ း ၁၊ ယောဟန် ၁ း ၁ - ၄၊ ကောလော ၁း၁၅-၁၇၊ ဟေဗြဲ ၁၁း၃)။ ခရစ်တော်ယေရှုသည် မိန်းမ၏ အမျိုးအနွယ်ဖြစ်သည် (ကမ္ဘာ ၃ း ၁၅၊ ဟရှော ၇ း ၁၄၊ ၉ - ၆ - ၇)။ ဘုရားသခင်သည် မိမိ၏သားတော်ကို မိန်းမဝမ်း၌ပဋိသန္ဓေယူ၍ ပညတ် တရားအောက်၌ ဖွားမြင်စေ၏ (ဂလာ ၄း၄)။
Optional Reading:
ရှင်မဿဲခရစ်ဝင်။ ၁
NOTE: Bible Pathway covers the Old Testament with devotional and commentary insights over a nine-month period, January through September. Each day during these months, an optional reading of one chapter a day from the New Testament will also be listed. The October, November, and December issues will provide a daily commentary on the New Testament readings. Thus, the reader goes through the New Testament twice each year using the Bible Pathway plan.
Memory Verse for the Week: ရှင်ယောဟန်ခရစ်ဝင်။ ၃:၁၄